Subscribe Now

* You will receive the latest news and updates on your favorite celebrities!

Trending News

Month: August 2023

Manamaya Digital, ချေမယ်

အမှုအခင်းထဲကနေ အမြန်လွတ်မြောက်ဖို့ အစီအရင်

(၂၁)ရက်အတွင်း အမှုကနေ လွတ်မြောက်နိုင်စေမယ် ယတြာကို ဒီတစ်ပတ်မှာ ပြောပြပေးသွားပါမယ်…. ဒီအစီအရင်ကို ပြုလုပ်ရမယ့် နေရာ၊ အချိန်နဲ့ လုပ်ဆောင်ရမယ့် ပုံစံတွေကို ပုံလေးတွေနဲ့ ပြသပေးထားတာမို့ အမှုအခင်းရင်ဆိုင်နေရသူရဲ့ နေ့နံအလိုက် တစ်ပုံချင်းစီ ဝင်ကြည့်လို့ရပါတယ်နော်…… တနင်္ဂနွေ သားသမီးများအတွက် တနင်္လာ သားသမီးများအတွက် အင်္ဂါ သားသမီးများအတွက် ဗုဒ္ဓဟူး သားသမီးများအတွက် ကြာသပတေး သားသမီးများအတွက် သောကြာ သားသမီးများ အတွက် စနေ သားသမီးများ အတွက် တစ်လမကြာဘဲ ရက်အပိုင်းအခြားအတွင်းမှာပဲ အမှုကနေလွတ်မြောက်မှာ အသေအချာမလို့ လိုက်လုပ်ကြည့်ကြပါနော်….

Manamaya Digital, ချေမယ်

Cele တို့အတွက် မရှိမဖြစ်အဆောင်

အနုပညာရှင်တွေအတွက် ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကို ရစေမယ့် ယတြာလေး…. ဒီတော့ အဓိကပြုလုပ်သင့်တဲ့သူတွေကတော့ အနုပညာရှင်တွေ၊ Social Influencer တွေပေါ့နော်…ဒီယတြာလေးကို ချေဖို့အတွက် ဘာတွေလိုအပ်မလဲ…….? အရင်ဆုံး ယန္တြပုံလေးကို ရွှေရောင်စက္ကူပေါ်မှာ ဆွဲပေးရပါမယ်…. ယန္တြဆိုတာကတော့ တိဘက်လောကီဆိုင်ရာ ပညာရပ်နဲ့ဆိုင်တဲ့ တံဆိပ်ပုံလေးတွေဖြစ်ပါတယ်။ တိဘက်လောကီဆိုင်ရာ ပုံလေးတွေမှာ တန္တြ၊ မန္တြ၊ ယန္တြဆိုပြီး သုံးမျိုးရှိတဲ့အထဲမှာမှ ယန္တြတံဆိပ်ပုံလေးကို ဆောင်ပေးရမှာ ဖြစ်ပါတယ်….. ကိုယ်တိုင်မဆွဲတတ်တဲ့သူတွေအတွက်လည်း ဆွဲပြီးသား ယန္တြပုံလေးကို မိတ္တူကူးလို့ရအောင် တင်ပေးလိုက်ပါတယ်နော်….. မိတ္တူကူးပြီးသား ယန္တြပုံလေးကို ရွှေရောင်စက္ကူလေးပေါ်ကို ကပ်လိုက်ပါ၊ ပြီးသွားရင် အဲဒီ ယန္တြပုံပါတဲ့ ရွှေရောင်စက္ကူလေးပေါ်ကို တင်ပြီး ဆွမ်းကပ်ရပါမယ်။…

Manamaya Digital, ချေမယ်

ဘေးမရှိ ကွမ်းရွက်

ရှေးမင်းများလက်ထက်ကတည်းက အသုံးပြုခဲ့သော ‌အန္တရာယ်ကင်းအဆောင်ကွမ်းရွက် ဆရာကြီး မင်းသိင်္ခဝေမျှထားခဲ့တဲ့ “ဏဘရံ ဘေးမရှိ” ဒီယတြာအဆောင်ဟာ ဘေးအန္တရာယ်အပေါင်းကနေ ကင်းဝေးစေဖို့ ဆောင်ထားရတဲ့အဆောင်ပါ။ ရှေးမင်းများလက်ထက်ကတည်းက အသုံးပြုခဲ့တဲ့ ‌အန္တရာယ်ကင်းကွမ်းရွက်အဆောင်လည်း ဖြစ်ပါတယ်။   ကွမ်းရွက်တစ်ရွက်ရဲ့ ကျောဘက်ကို ကွမ်းစားထုံးလေးနဲ့ “ဏဘရံ ဘေးမရှိ”လို့ ရေးပေးရမှာပါ။ ရေးတဲ့အခါ ကွမ်းရွက်အညှာလေးကို အောက်ဘက်မှာ ထားပေးရပါမယ်။ ရေးထားတဲ့စာကို ခြောက်အောင်ထားပြီးတော့ အဲဒီကွမ်းရွက်လေးကို ဆောင်ထားလိုက်ရုံပါပဲ… Manawmayachannel ပရိတ်သတ်အားလုံး ဘေးဘယာကွင်းကွာပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေ….

Manamaya Digital, ချေမယ်

အလုပ်အမြန်ရစေဖို့ ယတြာချေကြမယ်

ဖယောင်းတိုင်ရှိရုံနဲ့ အလုပ်ရပြီလို့သာ မှတ်လိုက်ပါ လူတိုင်းနဲ့ အသုံးတည့်စေပြီး တန်ဖိုးရှိတဲ့ ယတြာ၊မန္တန်နဲ့အဆောင်ကောင်းလေးတွေကို အစဉ်မပြတ်မျှဝေပေးနေတဲ့ ချေမယ် အစီအစဉ်ကနေ ဒီတစ်ခါပေးမယ့် ယတြာကတော့……. လျှောက်ထားတဲ့ အလုပ်တွေအဆင်ပြေအောင် အလုပ်မြန်မြန်ရစေမယ့် အစီအရင်ကောင်းလေးကို ပြောပြပေးပါမယ်…..ဖယောင်းတိုင်ရှိရှံနဲ့ အလုပ်တန်းရမှာနော်…. ဉုံ တာပုန္န ဂဗ္တိမာတာတေ ကတွာ ဟေတွာ ဗလံ ဝိဇ္ဇာရိတံ ပုတ္တံ သုခေန စ ဆရာကြီးမင်းသိင်္ခ ပြောပြထားတဲ့ _ဒီဂါထာလေးကို စာရွက်ပေါ်မှာ မိမိကိုယ်တိုင်ကူးရေးပါ။ ကူးရေးပြီးတဲ့အခါ ဂါထာစာရွက်လေးကို ဖယောင်းတိုင်မှာ ကော်နဲ့ကပ်ပေးရပါမယ်။ ဖယောင်းတိုင်ကို မိမိသက်စေ့အလိုက် ထွန်းရမှာဖြစ်လို့ မိမိအသက်က (၂၅)နှစ်ဆိုရင် ဖယောင်းတိုင် နှစ်ဆယ့်ငါးတိုင်တိတိ လိုပါလိမ့်မယ်။…

Manamaya Digital, ချေမယ်, တို့မယ် ထိမယ် ရွေးမယ်, မနောမယ ထမင်းဝိုင်း, ရွှေစကား ငွေစကား, ရိုးရာယုံကြည်မှုများ, ဟောစာတမ်း...

MANAWMAYA DIGITAL

သင့်ကံကြမ္မာ အဆိုးအကောင်း၊ အကျိုးအကြောင်းတွေ သိရှိနိုင်ဖို့ ကံကြမ္မာ ဟောပြောသူတွေကိုယ်တိုင် သင့်အနားရောက်နေသလိုမျိုး ခံစားမှုများနဲ့ သင်ဘာပဲလုပ်လုပ် လမ်းညွှန်ချက် နည်းလမ်းပေါင်းများစွာကို ပေးမယ့် မနောမယဒစ်ဂျစ်တယ်

Manamaya Digital, တို့မယ် ထိမယ် ရွေးမယ်

တို့မယ် ထိမယ် ရွေးမယ်

~ ကိုယ့်ကို ကျိတ်ပြီး Crush နေတဲ့သူ ရှိလား ~ တို့မယ်… ထိမယ် … ရွေးမယ်…… မျက်စိလေးမှိတ်ပြီး အသက်ရှုသွင်း ရှုထုတ်လုပ်ပါ….. မေးခွန်းအပေါ်မှာအာရုံစူးစိုက်ထားပြီး ပုံများကိုကြည့်ပါ… မျက်စိလေးမှိတ်ပြီး အသက်ရှုသွင်း ရှုထုတ်လုပ်ပါ….. မေးခွန်းအပေါ်မှာအာရုံစူးစိုက်ထားပြီး ပုံများကိုကြည့်ပါ… ကြိုက်နှစ်သက်တဲ့ပုံတစ်ပုံကိုသာ တို့လိုက် ထိလိုက်ပါ သင့်အတွက်အဖြေကို တွေ့ရပါလိမ့်မယ် အားလုံးကံကောင်းကြပါစေ….. ကိုယ့်ကိုကျိတ် Crush နေသူရှိပါတယ်။ အနီးအနားက သူတစ်ဦးပါပဲ… နီးလွန်းလို့မမြင်ရဖြစ်နေတာပါ……. ကိုယ့်အကြောင်းကိုလည်း အတော်လေးသိတဲ့သူ၊နားလည်တဲ့သူပါ။ ရင်းနှီးတဲ့အတိုင်းအတာရှိနေတာမို့ စည်းကျော်သင့် မကျော်သင့် တွေဝေနေတာပါ။ ကိုယ့်ကို Crush တဲ့သူရှိပေမဲ့ ကိုယ့်ရဲ့တွန်းထုတ်မှုကြောင့်ပဲ အဝေးကိုရောက်သွားပါပြီ….ကိုယ်တိုင်က လွတ်လပ်ချင်စိတ်နဲ့…

Manamaya Digital

Manawmaya Digital

သင့်ကံကြမ္မာ အဆိုးအကောင်း အကျိုးအကြောင်းတွေကို သိရှိနိုင်ဖို့ ကံကြမ္မာ ဟောပြောသူတွေကိုယ်တိုင် သင့်အနားရောက်နေသလိုမျိုး ခံစားမှုမျိုးနဲ့ သင် ဘာပဲလုပ်လုပ် လမ်းညွှန်ချက်နည်းလမ်ပေါင်းများစွာကိုပေးမယ့် မနောမယဒစ်ဂျစ်တယ်….. သင့်ကံကြမ္မာ အဆိုးအကောင်း အကျိုးအကြောင်းတွေကို သိဖို့ Manawmayachannel ဆီ လာခဲ့ပါ….

Manamaya Digital, ချေမယ်

ကိုယ့် crush တွေ ကိုယ့်ကို ပြန် crush လာစေဖို့ “ပီယအဆောင်”

“ပီယ အဆောင်” ပီယအဆောင်လေးကို ဖယောင်းတိုင်မှာပတ် မီးထွန်းပြီး ကိုယ်ရည်ရွယ်တဲ့လူကို မေတ္တာပို့ရင် အကျိုးထူးရမှာအမှန်ဧကံပါပဲနော်…..အဆောင်သက်သက် ဆောင်ထားရင်လည်း လူချစ်လူခင်ပေါများစေပါတယ်တဲ့…… ကိုယ်တိုင် လက်နဲ့မဆွဲဘဲ ဆရာကြီးမင်းသိင်္ခ ဆွဲပေးခဲ့တဲ့မူရင်းပီယအဆောင်ပုံလေးကိုမှ ဆောင်ထားချင်တယ်ဆိုတဲ့သူတွေအတွက်လည်း Copy ယူလို့ရအောင် တင်ပေးထားပါတယ်…. ဖျော်ဖြေရေးကဏ္ဍာ ရသအစုံကို လက်မလွတ်စေဖို့ ManawmayaDigital-မနောမယဒစ်ဂျစ်တယ် Face Page နှင့် YouTube Channel, Instagram တို့ကို Like, Follow & Subscribe လုပ်ထားပါရှင့်…… ကဲ……..Manawmayachannel ပရိတ်သတ်ကြီးတို့လည်း ဆရာကြီးမင်းသိင်္ခရဲ့ ပီယသိဒ္ဓိအဆောင်လေးကို ဆောင်ပြီး အားလုံးပဲ လူချစ်လူခင်ပေါများကြပါစေနော်…….